၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ကြီးတံခွန်မြို့နယ် သမဝါယမအသင်းများ၏ ဝင်ငွေ ကြေညာလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေး ဇွန် ၂၅

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ မြို့နယ်သမဝါယမ အသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ကြီးတံခွန်မြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးက အခွန်ဆိုင်ရာ သိကောင်းစရာများနှင့်  ဝင်ငွေခွန် ကြေညာလွှာအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အသင်းစုများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ရှင်းလင်းပြီး မြို့နယ်သမဝါယမအသင်းစု ၂၃ စုတို့က ဝင်ငွေ ကြေညာလွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)