ရမည်းသင်း ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြေရေးနှင့် သာယာလှပမှုရရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ လူထုလုပ်ရှားမှုအသွင်ဖြင့် မိုး ရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် အခမ်းအနားကို ဇွန် ၂၅ နံနက် ၈ နာရီက သီလဝဂေါက်ကွင်းအတွင်း၌ ကျင်းပသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး "သစ်တောသစ်ပင် ကျေးဇူးရှင်ထိန်းသိမ်းကြစို့ထာဝစဥ်"နှင့် "ပူနွေးကမ္ဘာ၊ တားစီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု" စသည့်ဆောင်ပုဒ်နှင့်အညီ သစ်တော၊ သစ်ပင်များ ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင် စိန်းလမ်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းတို့က မဟော်ဂနီပင်နှင့် တမာပင်များကို တက်ရောက်လာသည့် ဒေသခံ ပြည်သူများထံ ပေးအပ်ခဲ့သည်။
ထို့နောက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပမှု ရရှိစေရေးအတွက် မိုးရာသစ်ပင်စိုက်ပျိုးရေးပွဲတော်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်းထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား လူဦးရေ ၁၂၀ ဦးဖြင့် တမာ၊ မယ်ဇလီ၊ စိန်ပန်း၊ မဟော်ဂနီ၊ သပြေဘူ စသည့် ပျိုးပင်ပေါင်း ၅၀၀ ပင် တို့ကို စုပေါင်းပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က စုပေါင်းပျော်ရွှင်စွာ သစ်ပင်စိုက်ပျိုးပေးမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဟိန်းပြည့်ဇော် (ရမည်းသင်း)