ရန်ကုန်တိုင်းဒေသကြီး

သန်လျင်မြို့နယ် အေးသာယာရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်အား ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်၊ မဉ္ဇူလမ်း(၃၀)၌ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်အား ဆေးဖြန်းခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

တံတားမြို့၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း (၂/၂၀၂၅)သင်တန်းဆင်းပွဲကို ဝိဇ္ဇာဓမ္မသာသနာ့ဗိမာန်၌ ယနေ့ နံနက်  ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ တီဘီရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သန်လျင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဣစ္ဆာသယမေတ္တာအေးရိပ်လွမ်းစေတီ ဋ္ဌာပနာထည့်သွင်းပူဇော်ပွဲနှင့် ထီးတော်တင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၁၀၈ - တောင် မဟာဗောဓိ စွယ်တော်ရှင်စေတီရင်ပြင် မြောက်ဖက်မုခ်အနီးရှိ ဣစ္ဆာသယမေတ္တာအေးရိပ်လွမ်းစေတီ ဘုရားဋ္ဌာပနာ ထည့်သွင်းပူဇော်ပွဲနှင့် ထီးတော်တင်ပွဲမင်္ဂလာကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။

မြန်မာ- ဗီယက်နမ် ကုန်စည်ပြပွဲ ၂ဝ၂၅ ကျင်းပ

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ ပြပွဲခန်းမတွင် မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၅ ကို အောက်တိုဘာလ (၁၀) ရက်မှ အောက်တိုဘာလ (၁၂) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ကျောက်တန်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံး မြို့ပြရှာဖွေကယ်ဆယ်ရေး(Light Urban Search And Rescue Team) ဖွဲ့စည်းနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က မြို့ပြရှာဖွေကယ်ဆယ်ရေး(Light Urban Search And Rescue Team) ဖွဲ့စည်းနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ပုံမှန်ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းများကို မြို့နယ် ဒုဦးစီးမှူး ဦးအောင်နေလင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့် တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၉ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး