တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အသင်းဝင်၏ လုပ်ငန်းအကြောင်းရှင်းလင်းခြင်း၊ ရာသက်ပန်အသင်းဝင် အသိအမှတ်ပြုကတ်ပြားနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်ပွဲကျင်းပ

တွံတေး စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်အသိအမှတ်ပြု ကတ်ပြားနှင့် ရင်ထိုးတံဆိပ်ပေးအပ်ခြင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အသင်းဝင်၏ လုပ်ငန်းအကြောင်းရှင်းလင်းခြင်း၊ ရာသက်ပန်အသင်းဝင်အသိအမှတ်ပြု ကတ်ပြားနှင့် ရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ယမန်နေ့ နေလယ် ၁ နာရီအချိန်က တွံတေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွဲ့ဝင်လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး တွံတေးခရိုင်အတွင်းရှိ အဖွဲ့ဝင်သစ်များအတွက် အဖွဲ့ဝင်အသိအမှတ်ပြုကတ်ပြားနှင့် ရင်ထိုးတံဆိပ်များအား တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက ပေးအပ်ရာတွံတေး၊ ကော့မှူး၊ ကွမ်ခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ ဥက္ကဋ္ဌများက လက်ခံရယူကြသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အသင်းဝင်၏ လုပ်ငန်းများအကြောင်း ရှင်းလင်းပြီး အသင်းဝင်သစ်များအတွက် ရာသက်ပန်အသင်းဝင် အသိအမှတ်ပြုကတ်ပြားနှင့် ရင်ထိုးတံဆိပ်များပေးအပ်ရာ တွံတေးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ဥက္ကဋ္ဌများနှင့် အသင်းဝင်များက လက်ခံရယူကြသည်။

ထို့နောက် ခရိုင်မိခင်နှင် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။ တွံတေးခရိုင်အတွင်းရှိ တွံတေးမြို့နယ်မှ (၆၇)ဦး၊ ကော့မှူးမြို့နယ်မှ (၇၀)ဦး၊ ကွမ်းခြံကုန်းမြို့နယ်မှ(၉၀)ဦး၊ ဒလမြို့နယ်မှ(၄၄)ဦး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ(၂၇)ဦး စုစုပေါင်း(၂၉၈)ဦး အသင်းဝင်သစ်တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။

မျိုးလှိုင်