ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံး မြို့ပြရှာဖွေကယ်ဆယ်ရေး(Light Urban Search And Rescue Team) ဖွဲ့စည်းနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က မြို့ပြရှာဖွေကယ်ဆယ်ရေး(Light Urban Search And Rescue Team) ဖွဲ့စည်းနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ပုံမှန်ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းများကို မြို့နယ် ဒုဦးစီးမှူး ဦးအောင်နေလင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့် တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၉ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား​ဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား​ဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက သုံးခွမြို့နယ် အတွင်းရှိ ဆေးဆိုင်များတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့်ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရွေးချယ်ခြင်း (သန်လျင်)၌ ကျင်းပ

ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပန်းချီပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရွေးချယ်ခြင်းကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း  ယုဇနဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

ဗိုလ်တထောင်ခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၅) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ (၁၀/၂၀၂၅) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၈) နာရီခွဲက သာကေတမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့၌ ရွေးကောက်ပွဲ နှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံ မြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြည်ရှေ့တွင် ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင် အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းအချိန်က၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် “ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုး မြှင့်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် “ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိ ရတနာခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး