ကျောက်တံတား စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်က အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ပစ္စည်းများ ထောက်ပံ့ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်နှင့်တာဝန်ရှိသူများက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၄၁) စု၊ လူဦးရေ (၁၁၃) ဦးသို့ စားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲများကို ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာလာသူများက လက်ခံရယူကြသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မေသီတာခင်နှင့် ဝန်ထမ်းများက နေရပ်စွန့်ခွာလာသူ ပြည်သူများအား ငှက်ဖျားရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)