မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မြောက်ဥက္ကလာပ စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၄ ရက်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လောဟာက မိမိတို့ ဌာနဆိုင်ရာရုံးများအနေဖြင့် ဌာနမြေပိုင်ဆိုင်မှုကိစ္စရပ်များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ဆက်သွယ်ရေးကြိုးလိုင်းများ စနစ်တကျသွယ်တန်းထားရှိ‌စေရေး၊ မြို့နယ်အတွင်း ကုန်သွယ်စီးဆင်းမှု မှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေး၊ အခြေခံစားသောက်ကုန်များနှင့် အခြားကုန်ဈေးနှုန်းများ ဈေးတင်ရောင်းချမှုမရှိစေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိ‌‌စေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိ‌စေရေး တာ၀န်ရှိသူများကကြပ်မက်ဆောင်ရွက်ကြရန် မိမိတို့မြို့နယ်အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့ပြီး ဌာနများအလိုက် မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက၊ ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြကြရာ၊ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။