အင်းစိန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်ကော်မရှင်ရုံးတွင် စက်တင်ဘာ ၃ ရက်နေ့ နေ့လယ်(၁)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ရွေးကောက်ပွဲအဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)