ကျောက်တန်း ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၂၃ ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မှော်၀န်းရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို သန်လျင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသိန်းသိန်းဦးမှ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတက်ရောက်လျှင် ရရှိနိုင်သည့်အကျိုးကျေးဇူးများနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကာ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)