ကမာရွတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကမာရွတ် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်တွင် အဆိုးကျော့စက်၀န်း အဆုံးသတ်စို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ ဆောင်းပါး၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ ဖမ်းဆီးရမိမူးယစ် ဆေးဝါးများအား မီးရှို့ဖျက်ဆီးမှုများ၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိုးအကြောင်း၊ ကာတွန်း၊ကဗျာ၊ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များ၊ ဆောင်ပုဒ်များဖြင့် မူးယစ်ဆေးဝါးရှောင်ကျဉ်ဖွယ် အသိပညာပေး အကြောင်းအရာများ ပါ၀င်ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)