မှော်ဘီ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ Gender:CEDAW:NSPAW နှင့် UNSCR1325 အသိပညာပေးဟောပြောပွဲကို ဇွန် ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးစီုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးအရေး ဆောင်ရွက်နေမှုများနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ လိုက်ပါဆောင်ရွက်နေမှုများအားလည်းကောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းကလျာထွန်းက ကျန်းမာရေးဌာနမှ အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက် ဆောင်ရွက်ပေးနေမှုအား ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ မှော်ဘီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ Gender: CEDAW: NSPAW နှင့် UNSCR 1325 အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရီရီလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းက Gender: CEDAW: NSP AW နှင့် UNSCR1325. အကြောင်းအရာများအား အသေးစိတ် ရှင်းလင်းပြောကြားခြင်းနှင့် ဗီဒီယိုကလစ်များပြသခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူ ခရိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပြည်သူများက ဆွေးနွေးချက်များမှ သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပြီး"အကြမ်ဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆာင်မှုပေးသည့် စင်တာ" အကြောင်းအရာများပါ လက်ကမ်းစာစောင်များနှင့်" ကျားမအခြေပြု အကြမ်းဖက်မှု ပပျောက်ရေး" အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
စန်းဝင်း(မြို့နယ်ပြန်/ဆက်)