ကျောက်တန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား/ပန်းရံ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောက်တန်း ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရံ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျေးလက်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်မှ သင်တန်းနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များ ရှေ့ဆက်ဆောင်ရွက်ရမည့် အကြောင်းအရာများ ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စော ၊သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဦး‌​အောင်မြင့် ၊သန်လျင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး‌‌​ဒေါ်အေးအေးကြူ၊ ကျောက်တန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖုန်းခန့်အောင်၊ သမဝါယမဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင် ရပ်ကွက်/ကျေးရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါ တက်ရောက်ခဲ့ကြသောသင်တန်းသားများထဲမှ ထူးချွန်သူ(၂)ဦးအား သင်တန်း အထောက်အပံ့ပစ္စည်များ ပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ခဲ့ကြောင်းသတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)