ကော့မှူးတွင် Book Clubအဖွဲ့ဝင်များ၊ Youth Clubအဖွဲ့ဝင်များနှင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇူလိုင် ၈

လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားတိုးတက်ရေးနှင့် စာပေမှရသောအသိပညာ ဗဟုသုတများအား အသုံးချတက်စေရန် တစ်ဦးနှင့်တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များ မျှဝေတက်စေရန် ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ည‌နေ၄ရီက စာပေချစ်မြတ်နိုးသူများနှင့်  Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များ ရရှိစေရန်နှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတက်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းများအား ကျင်းပပေးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင် ဦးဝင်း‌‌ရွှေက နတ်သျှင်၊‌ ရွှေဂူရေးသားထားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်”စာအုပ်မှ “လူငယ်များ၏ ရွှေရောင် မနက်ဖြန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊Youth Club အဖွဲ့ဝင်မအေးမို့မို့‌ အောင်က ပြည့်ဝသောအမွေကို ပေးကြပါခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာ‌ပေချစ်မြတ်နိုးသူ မသီရီ‌မေက တကယ်ချစ်ရင်မခြိမ်းခြောက်ပါနဲ့ ‌ခေါင်းစဉ်များဖြင့် ဆွေးနွေးသည်။ ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ဦးဝင်း‌ရွှေက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စာပေ ချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ကို စာပေချစ်မြတ်နိုးသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)