လှိုင်သာယာ (အနောက်) ဇူလိုင် ၇
ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအထွေထွေဗဟုသုများ ရရှိနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အ.ထ.က (ခွဲ) လ (၁၀) ကျောင်းတွင် ပြုလုပ်သည်။
ဦးစွာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေလွင်လွင်ကျော်က စာဖတ်ရှိန်မြှင့်တင်ရေး ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ စာရေးဆရာ စိုးမိုးသိမ်း (လှိုင်သာယာ) က "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ကဗျာဆရာ မုန်းမာန်ခ (ဧရာဝတီ) က "စာဖတ်ခြင်းဖြင့် အချိန်နှင့် ဒီရေ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကြပြီး၊ အ.ထ.က (ခွဲ) လ (၁၀) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)