ရှမ်းပြည်နယ်

မိုင်းဖြတ်မြို့နယ်၊ ပါလောင်းကျေးရွာ၌ စာအုပ်၊ စာစောင်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင်များ လှူဒါန်းပွဲကို ဖေဖော်ဝါရီလ ၁၅ရက်၊ နံနက်ပိုင်းက ပါလောင်းကျေးရွာရှိ ရှင်သန်ခြင်းစာကြည့်တိုက်၌ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

ပင်လုံမြို့၌ အမှတ် (၁) ရပ်ကွက်နှင့် ပင်လုံအရှေ့ကျေးရွာအုပ်စု၊ နောင်လိုက်ကျေးရွာသို့ ဆက်သွယ်ထားသည့် မြို့နှင့်ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းဖွင့်ပွဲအခမ်းအနား

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘန္ဒန္တပုညနန္ဒ၏ သြဝါဒဖြင့် အမှတ်(၁)ရပ်ကွက်နှင့် ပင်လုံအရှေ့ကျေးရွာအုပ်စု၊ နောင်လိုက်ကျေးရွာသို့ ဆက်သွယ်ထားသည့် မြို့နှင့်ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်ကျေးရွာ ရှမ်းချယ်ရီခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်မီးသတ်ဖွဲ့မှူးရုံး ပြည်နယ်ပညာရေးမှူးရုံး နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဆွေးပုံပြုလုပ်နည်း သရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဆွေးပုံပြုလုပ်နည်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တုန်ဟုန်းကျေးရွာအုပ်စု၊ (၂၉)မိုင်ကျေးရွာ၌ ကျင်းပခဲ့သည်။

ခိုလမ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ပါသည်။

ဟိုပုံးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့၊ ကြက်သား၊ ဝက်သားနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့၊ ကြက်သား၊ ဝက်သားနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။

မိုင်းခတ်မြို့နယ်၊ ယန်းမိုင်(လားဟူ)ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု၊ဘဏ္ဍာ‌ရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် မိုင်းခတ်မြို့နယ်၊ ယန်းမိုင် (လားဟူ)ကျေးရွာ၌ ကျေးရွာစာကြည့်တိုက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့်ဝက်မွေးမြူရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ညောင်သုံးပင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် Geade – 12 ကျောင်းသား/ကျောင်းသူ (၃၃၇၄) ဦးတို့အား ဘာသာရပ် ဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်