ရှမ်းပြည်နယ်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၀) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၀) သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက် နံနက် (၇) နာရီခွဲကကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မက်မန်းမြို့နယ် ငှက်ယောင်းကျေးရွာအုပ်စု၊ ငှက်ယောင်းကျေးရွာဘက်စုံသုံးခန်းမတွင် သွားရောက်ကွင်းဆင်း‌ ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်နေပြည်သူများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးအကြံပြုစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နာဟောင်ရပ်ကွက်ရှိနေအိမ်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့တွင် ဌာနဆိုင်ရာရုံးများအရောက်‌ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။

လဲချားမြို့နယ်တွင် (၆၇)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်သို့ အလှူ​ငွေများ သွားရောက်ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၌ (၆၇)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲတော်ကို ဖောင်တော်ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဦးအောင်ဇေယျဘုန်းကြီးကျောင်းဝင်းရှိ နားနေဆောင်တွင် မိုင်းတုံအုပ်စု၊ ဝမ်နားကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များအား ဌာနဆိုင်ရာများ စုပေါင်း၍ ဆွမ်းဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Polytechnic တက္ကသိုလ်(ပင်လုံ)တွင် (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ Polytechnic တက္ကသ်ုလ်(ပင်လုံ)တွင် (၁၇)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်