ခိုလမ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းများ ဆောင်ရွက်

ခိုလမ် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဆန်း၊ ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံမှူး ဦးသော်ဇင်ညွန့်တို့၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများမှ  ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ၊ ခိုလမ်မြို့ ဓာတ်အားခွဲရုံတွင် Earthing  စစ်ဆေးခြင်း၊ Bolt & Nuts များ စစ်ဆေးချန်ညှိခြင်း၊ ကြွေသီးများသန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ မြို့တွင်း ဖီဒါ၊ ရလခ(၁)ဖီဒါနှင့် ရလခ(၂)ဖီဒါတစ်လျှောက် ဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာများအား လိုအပ်သည့် စစ်ဆေးပြုပြင်မှုများကို  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)