ဟိုပုံး ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာဖြေခန်းများ၌ မီးဘေးအန္တရာယ်ကင်ရှင်းစေရေး ရည်ရွယ်၍ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ဇင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခွန်ကျော်နောင်နှင့် တာဝန်ရှိသူများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်စာဖြေခန်းများ၌ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲမှုနှင့် လျှပ်စစ်သွယ်တန်းမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်းကိရိယာများထားရှိမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ရေလုံလောက်စွာရရှိမှုအခြေအနေ၊ မီးချိပ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိမှုအခြေအနေများနှင့် ကျောင်းအတွင်းသို့ မီးသတ်ကားများ အလွယ်တကူဝင်ရောက်နိုင်မှု ရှိ/မရှိ စသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထို့အပြင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မီးဘေးလုံခြုံရေးအတွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကို ပြုပြင်ရန်လိုအပ်သည်များအား အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)