ပင်းတယ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးမွေတော်ဘုန်းကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ကျုံးရွာမကျေးရွာအတွက် ကျေးရွာမြေငှားဂရန် လျှောက်ထားသူ (၅၈)ဦးအား မြေယာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ဆင့်ဆိုချက်၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ပြီး ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာမြေငှားဂရန် ဆောင်ရွက်ရန် ခွင့်ပြုထားသည့် ကျုံးရွာမကျေးရွာအပြေင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှကျေးရွာများအား တည်ဆဲဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ လေးထားဆောင်ရွက်ပေးသွားကြစေလိုကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ကျုံးကျေးရွာအုပ်စု၊ ကျုံးရွာမကျေးရွာနေ ဒေသခံပြည်သူများထံသို့ ကျေးရွာမြေငှားဂရန်များ ပေးအပ်ခဲ့ကြပြီး ကျုံးကျေးရွာနေ ရပ်မိ/ရပ်ဖတစ်ဦးက ကျုံးရွာမကျေးရွာအတွက် ကျေးရွာမြေငှားဂရမ်းများ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)