ပင်းတယမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် Recycle Bag များ ဖြန့်ဝေ

ပင်းတယ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြည်သူများသိရှိလိုက်နာဆောင်ရွက်တတ်စေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် Recycle Bag များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပင်းတယမြို့၊ မြို့မဈေးအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တတ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ပလတ်စတစ်များနှင့် အမှိုက်များ၏ ဆိုးကျိုးများ၊ လူတို့၏ စွန့်ပစ်အမှိုက်များကြောင့် ကုန်းနေ/ရေနေသတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးရပုံ၊ ပလတ်စတစ်ကို မည့်သည်အရာဖြင့်ပြုလုပ်ထားသလဲ၊ ဘာကြောင့် ကြွပ်ကြွပ်အိတ်အသုံးများလာရသလဲ၊ ပလတ်စတစ်များ၏ တာရှည်ခံမှုနှင့် ဆိုးကျိုးများ၊ စွန့်ပစ်အမှိုက်များ ဆွေးမြေ့ရန် ကြာမြင့်နိုင်သည့်အချိန်များ၊ ဆောင်ပုဒ်နှင့် ကာတွန်း စသည့်တို့ပါဝင်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)