လွိုင်လင်မြို့တွင် လူငယ်ရေးရာ ဆွေးနွေးပွဲကျင်းပ

လွိုင်လင် မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယမန်နေ့  မွန်းလွဲပိုင်းက လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆိုပါ ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့ကာ အမှတ် (၁) ရပ်ကွက်နေ မောင်ကောင်းထက်သာမှ လူငယ်လေးများ ခေတ်နှင့်အညီ လိုက်လျောညီထွေစွာ မည်သို့နေထိုင် ပြောဆိုကြရန်နှင့် အမှတ် (၄) ရပ်ကွက်နေ မဆောင်းရတီမှ တိုးတက်လာသော ခတ်နှင့်အညီ မိမိတို့လူငယ်များအနေဖြင့် လမ်းမှားမရောက်စေရန် မည်ကဲ့သို့ နေထိုင်ပြုမူကြရန် အကြောင်းတို့အား အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော မြို့ပေါ်ရပ်ကွက် အသီးသီးမှ လူငယ်များက မိမိတို့သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြရာ လက်ထောက်ညွန်ကြားရေးမှူးမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)