ရွာငံ မတ်လ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်မျိုးသန့်က နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေထုတ်ချေးမှုစီမံကိန်းနှင့်ပတ်သက်၍ စာချုပ်ပါအချက်အလက်များအားဖတ်ကြားဆွေးနွေးပြီး မွေးမြူရေး၊ အခြားစီးပွားရေး(ကုန်ထုတ်)လုပ်ငန်း ဆောင်ရွက်ကြမည့်အစုအဖွဲ့များနှင့်စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းအစုအဖွဲ့ဝင်များသို့ ချေးငွေပမာဏ ကျပ်သန်း ( ၆၈၄ )ကို ထုတ်ချေးပေးခဲ့သည်။
မြို့နယ်ပြန်/ဆက်