ကွန်ဟိန်း မတ် ၇
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ တရုတ်စာသင်ကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-(၃)၊ ဒေါ်သဲမာက လူငယ်များ မိမိအသိပညာစွမ်းရည်များ တိုးတက်မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာဗဟုသုတတိုးပွားမည်ဖြစ်ကြောင်း၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာအုပ်စာပေတွေကနေ ရရှိလာတဲ့ အသိပညာ ဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မြတ်မွန်ဖြိုးက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရန် ကိုယ်လက်လှုပ်ရှားအားကစားလည်း အရေးကြီးကြောင်း၊ အခြေခံအားကစားနည်း (၄) မျိုးအကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက် အားကစာသင်တန်းများလည်း တက်ရောက်နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများအတွက် ဘောလုံးလက်ဆောင် ပေးအပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ တရုတ်စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၈၀) ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)