ဟိုပုံး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ပြီး စက်ချုပ်နည်းပညာများတတ်မြောက်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းအား မတ်လ (၄)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့အထိ တစ်လတာ သင်တန်းနည်းပြဆရာမတစ်ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိရာ သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)