လွိုင်လင်မြို့တွင် ၂၀၂၅ခုနှစ် ပညာသင်နှစ် Grade-5 - နှစ်ဆုံးစာမေးပွဲ  အောင်မြင်စွာဖြေဆိုပြီးစီး

လွိုင်လင် မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ်ပညာသင်နှစ် မူလတန်းဆင့် Grade-5 နှစ်ဆုံးစာမေးပွဲကို ယနေ့၌ အဆင်ပြေချော့မွေ့စွာ ဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။

ခရိုင်အဆင့်စစ်ဆေးသော အခြေခံပညာမူလတန်းအဆင့် Grade-5 တွင် စာစစ်ဌာန(၃)ခု၌ စာရင်းရှိ(၅၆၀)ဦး၊ ဖြေဆိုသူ(၅၄၇)ဦးရှိကြောင်း တာဝန်ရှိသူထံမှသိရသည်။

Grade-5 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ထိ (နံနက် ၉ နာရီမှ ၁၀ နာရီ မိနစ် ၃၀)အထိ ဖြေဆိုခဲ့ကြကြောင်းသိရပြီး စာမေးပွဲဖြေဆိုရာစာစစ်ဌာနများ၌ ကျောင်းသား၊ကျောင်းသူများ စိတ်ချမ်းမြေ့အဆင်ပြေစွာဖြေဆိုနိုင်ရန် သက်ဆိုင်ရာစာမေးပွဲကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့်တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)