ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစစ်တုရင်သင်တန်းပြုလုပ်

ပင်လောင်း မတ် ၈

နွေရာသီကျောင်းပိတ်ရက်များဖြစ်သည်နှင့်အညီ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံပြုနိုင်စေရန်နှင့် စစ်တုရင်အားကစား တိုးတက်စေရန် ရည်ရွယ်၍ အခြေခံ စစ်တုရင်သင်တန်းကို  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။

စစ်တုရင်သင်တန်းတွင် အခြေခံဖြစ်သည့် စစ်တုရင်အရုပ်အမည်များ၊ အရုပ်တစ်ရုပ်ခြင်းစီ၏ အားသာချက်များ၊ ကစားနည်းများစသည့် စစ်တုရင်ပညာရပ်များကို သင်တန်းနည်းပြ ဆရာနှစ်ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ပြီး သင်တန်းကို မတ်လ ၁၇ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)