မူဆယ်မြို့၌ နွေရာသီ အခြေခံ အားကစားသင်တန်းများဖွင့်လှစ်

မူဆယ် မတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနကဦးဆောင်၍ မတ်လ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အားကစားကွင်း၌ အခြေခံဘောလုံးသင်တန်းကို မြို့နယ်အားကစားမှူး ဦးမြင့်ထွေးက အနီးကပ်သင်ကြားပေးလျက်ရှိပြီး သင်တန်းသား/သူ (၁၂၀) ဦးတက်ရောက်လေ့ ကျင့်သင်ကြားလျက်ရှိသည်။ အလားတူ အေရိုးဗစ်သင်တန်း၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်းသင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ နွေရာသီ ကျောင်းသား/သူများ အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် လူငယ်ဆိုင်ရာ အားကစားကဏ္ဍများ တိုးတက်လာစေရန်ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)