အ.ထ.က (၁) ပင်လုံစာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ပင်လုံ မတ် ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ရာ အ.ထ.က (၁) ပင်လုံစာစစ်ဌာနတွင် ယနေ့ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုမည့် စာရင်းရှိ (၂၇၄)ဦး၊ လာရောက်ဖြေဆိုသူ (၂၅၈)ဦး၊ ပျက်ကွက်သူ (၁၆) ဦးရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်၊ ပြဿနာတစ်စုံတစ်ရာမပေါ်ပေါက်လာစေရန် ခရိုင်/မြို့နယ်/မြို့အဆင့်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပင်လုံနယ်မြေရဲတပ်ဖွဲ့မှ စခန်းမှူးနှင့် အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)]