မိုင်းရယ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မိုင်းရယ် မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စာစစ်ဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့နယ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိ အတွင်းဖြေ (၃၁)ဦးရှိရာ ရာနှုန်းပြည့် လာရောက်ဖြေဆိုပြီး အပြင်ဖြေ (၁၁)ဦးရှိသည့်အနက် (၃) ဦး ဖြေဆိုရန် ပျက်ကွက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)