မိုင်းရှူး မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် အ.ထ.က(မိုင်းရှူး)နှင့် အ.ထ.က (ဝမ်ကန်စာစစ်ဌာန (၂) ခုရှိပြီး ဖြေဆိုမည့် ကျောင်းသား (၂၇)ဦး၊ ကျောင်းသူ (၄၇)ဦး၊ စုစုပေါင်း (၁၀၁)ဦး စာရင်းရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၄)ဦး၊ ကျောင်းသူ (၇၀)ဦး၊ စုစုပေါင်း (၉၄)ဦး၊ ပျက်ကွက် ကျောင်းသား (၃)ဦး၊ ကျောင်းသူ (၄) ဦး၊ စုစုပေါင်း (၇)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄.၀၇)ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးထံမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယာဉ်များနှင့်စက်သံများ ဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့် အခြားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)