ညောင်ရွှေမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၄၈) ဦး ဝင်ရောက်ဖြေဆို

ညောင်ရွှေ မတ် ၁၇

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုရာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၄၄၈) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ညောင်ရွှေမြို့နယ်မှ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၈၀) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၁၄၄၈) ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် (၉၇.၈၄) ရာခိုင်နှုန်းရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က-အင်းပေါခုံ၊ အ.ထ.က-မင်းချောင်း၊ အ.ထ.က-မိုင်းသောက်၊ အ.ထ.က-ဟဲယာရွာမနှင့် အ.ထ.က-အင်းယား စာစစ်ဌာနများ၌ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းအယ်ဘဲ