မိုင်းယောင်း မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက နွေရာသီအားကစားသင်တန်းတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပေးနိုင်ရေးဆွေးနွေးပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့် တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)