တန့်ယန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

တန့်ယန်း မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ ပထမနေ့ မြန်မာစာဘာသာအား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသားကျောင်းသူများ ယနေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိသည်။

၂၀၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ စာဖြေဌာန(၁)၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၅) ဦး စာရင်းပေးသွင်းထားရာ STEAMS (1) တွင် (၆၅) ဦး၊ STEAMS(2)တွင် (၆၀) ဦး စုစုပေါင်း (၁၂၅) ဦး၊ စာဖြေဌာန (၂) ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၆) ဦး စာရင်းပေးသွင်းထားရာ STEAMS (1) တွင် (၃၆)ဦး၊ STEAMS (2) တွင် (၂၇)ဦး စုစုပေါင်း (၆၃) ဦး ဝင်ရောက်ဖြေဆိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၏ အနီးကပ် ကြီးကြပ်၍ ပြည်သူ့ကျန်းမာရေးဌာန၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့တို့မှ အပြင်စည်းဖြင့် လိုအပ်သည်များကို ဆောင်ရွက်ပေးကြကြောင်း  သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)