ရှမ်းပြည်နယ်

မိုင်းယောင်းမြို့တွင် နွေရာသီအားကစားသင်တန်းဖွင့်ပွဲနှင့် အားကစားပစ္စည်းများပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်းဖွင့်ပွဲနှင့် အားကစားပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီချိန်က မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ တစ်နှစ်လျှင် တစ်ရက်သာကျင်းပသည့် စော်ဘွားဈေးနေ့ လာရောက်လည်ပတ်သူများဖြင့်စည်းကား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာအရ တစ်နှစ်လျှင်တစ်ရက်သာကျင်းပသော  စော်ဘွားဈေးနေ့ကို ယနေ့ ပါလျှံမြို့ရိုးတံခါးအနီး၊ စော်ဘွားအုတ်ဂူဟောင်းရှေ့၊ လွိုင်မွေလမ်း၊ ဈေးတန်းကြီးလမ်းနှင့် စျေးတန်းလေး လမ်းတစ်လျှောက်တို့တွင်ကျင်းပရာ ဈေးရောင်းချသူများ၊ လာရောက်လည်ပတ်သူများဖြင့် စည်းကားကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု ပုံလုံကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများ၏ စိုက်ပျိုး‌မွေးမြူရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အတွက် ကွင်းဆင်းအသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ပုံလုံကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများအား သုံးစွဲသူအိမ်ထောင်စုများထံသို့ ဖြန့်ဖြူးခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ဝမ်မကာ ကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား−မြန်မာ ပရောဂျက်ဖြင့် စွမ်းအားမြှင့်မီးဖိုများအား သုံးစွဲသူအိမ်ထောင်စုများထံသို့ ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော လီလီပန်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် မိသားစုအပိုဝင်ငွေရရှိရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော လီလီပန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်လုံခြုံရေးအဖွဲ့တို့က ယမန်နေ့က အမှတ်(၂) ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လာရောက်အားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ် ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို လာ‌ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လာရောက်အားပေးခဲ့ကြသည်။

ဒုတိယအကြိမ်ကျင်းပသည့် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲ ကျင်းပလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်(၃)ရပ်ကွက် နောင်တရားပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲ ကျင်းပလျက်ရှိသည်။

မိုးနဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများလာ‌ရောက်အားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ် ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို လာ‌ရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက လာရောက်အားပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီးယား၊ ပန်းချီ၊ စစ်တုရင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ  လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီးယား၊ ပန်းချီ၊ စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်