မောက်မယ် မတ် ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ဝမ်မကာ ကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား−မြန်မာ ပရောဂျက်ဖြင့် စွမ်းအားမြှင့်မီးဖိုများအား သုံးစွဲသူအိမ်ထောင်စုများထံသို့ ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစွမ်းရည်ထူးက လျှပ်စစ်မီးမရသည့်ကျေးရွာနေ ပြည်သူများအဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား−မြန်မာ ပရောဂျက်ဖြင့် စွမ်းအားမြှင့်မီးဖိုများအားသုံးစွဲသူအိမ်ထောင်စုများထံသို့ ဖြန့်ဖြူးခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများက စွမ်းအားမြှင့်မီးဖိုများ (၃၄၅) လုံးအား သုံးစွဲသူပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)