မိုးနဲ မတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ် ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို လာရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက လာရောက်အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်အားပေးရာတွင် မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အားပေးစကားများ ပြောကြားခဲ့ကြသည်။
မိုးနဲမြို့နယ် အ.ထ.က(မိုးနဲ)စာစစ်ဌာနတွင် စာရင်းရှိ ၈၈ ဦးရှိပြီး ၈၇ ဦးဝင်ရောက်ဖြေဆိုလျက်ရှိရာ တစ်ဦးပျက်ကွက်ကြောင်းနှင့် ကျောင်းသား၊ကျောင်းသူများစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက်လိုအပ်သော ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးဆိုင်ရာကိစ္စများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)