နောင်တရား မတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်(၃)ရပ်ကွက် နောင်တရားပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲ ကျင်းပလျက်ရှိသည်။
ယနေ့မတ်လ ၁၉ ရက်နေ့တွင် ဓမ္မစရိယတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းကို ဖြေဆိုပူဇော်ကြသည်။ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်(၃)ရပ်ကွက် နောင်တရားပရိယတ္တိ စာသင်တိုက်၌ ဒုတိယအကြိမ်ကျင်းပသည့် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များမှာ ဓမ္မာစရိယတန်း (၁၁)ပါး၊ ပထမကြီးတန်း (၁၃)ပါး၊ ပထမလတ်တန်း (၃၅)ပါး၊ ပထမငယ်တန်း(၈၂)ပါး၊ အခြေပြုမူလတန်း(၉၂)ပါး၊ ပထမတန်း(၉၇)ပါး၊ မူလတန်း (၁၄၀)ပါး၊ ဥပစာတန်း(၁၉၂)ပါး၊ စုစုပေါင်း စာဖြေသံဃာ (၆၆၂)ပါး ဝင်ရောက်ဖြေဆိုသည်။ အဆိုပါ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲကို မတ်လ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
ခွန်အောင်(နောင်တရား)