ရှမ်းပြည်နယ်

နွေရာသီယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲပြုလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/သူလေးများအား နွေရာသီအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိအောင် အသုံးချတတ်စေရန်နှင့် ယဥ်ကျေးလိမ္မာစွာပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ပို့ချပေးခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက သင်တန်းဆင်းပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်၌ စံ (၅) ရပ်နှင့်အညီဖြစ်စေရန် ရတနာပုံ (အနောက်) ကျေးရွာစာကြည့်တိုက်အား ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ရတနာပုံ (အနောက်) ကျေးရွာတွင် “ရတနာအလင်း” စာကြည့်တိုက်အား စံ(၅) ရပ်နှင့်အညီဖြစ်စေရန် ပြန်လည်ဖွင့်လှစ်ခြင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။

ကျေးသီးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိ

၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကျေးသီး) နှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းနောင်) စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများက မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုကြကြောင်း သိရသည်။

ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိ​သည်။

ကျိုင်းတုံမြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့ပတ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေါ်ခုတ်ကွက်သစ်၊ မြို့ပတ်လမ်းကျောက်ချောလမ်းသစ်ဖွင့်ပွဲကို မတ် ၂၁ ရက်က အဆိုပါလမ်းတွင် ကျင်းပသည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊  မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်၍  ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားမိဘပင်စင်စားများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား မိဘပင်စင်စားများအား ပင်စင်လစာများကို ယနေ့ နံနက်(၈) နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် ဌာနဆိုင်များတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဝမ်တောင်းကျေးရွာ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်