မိုင်းယောင်းမြို့နယ်၌ ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

မိုင်းယောင်း မတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်လုံခြုံရေးအဖွဲ့တို့က ယမန်နေ့က အမှတ်(၂) ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကင်းစင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အသိပညာပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့နောက် လူငယ်ရေးရာဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)