ရှမ်းပြည်နယ်

ရပ်စောက်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးနှင့် တပ်နယ်မှအရာရှိများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက အဆိုပါစာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကလောမြို့ မောဝ်မြေဦးပန်းခြံနှင့် ကလောဘူတာရှေ့ မြေယာရှုခင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ကလောမြို့သို့လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအနေဖြင့် အလှပဆုံးနှင့် စွဲဆောင်မှုအရှိဆုံး ဒေသထွက်ပန်းများ၊ ထင်းရှူးတောများ၊ ချယ်ရီပန်းများ၊ မဖြစ်မနေမှတ်တမ်းတင်ရမည့် အထင်ကရပန်းခြံတစ်ခုအနေဖြင့် အမှတ်တရထင်ကျန်စေရန်နှင့် ကလောဘူတာရှေ့ မီးရထားစက်ခေါင်းရှိရာအနီးရှိ အများပြည်သူအပန်းဖြေနိုင်မည့် မြေယာရှုခင်းတစ်ခု ဖော်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီ (အခမဲ့) သင်တန်းဖွင့်ပွဲကို ယနေ့တွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community   Centre  ခန်းမ၌ ကျင်းပသည်။

ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက စာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၂၀၂၅ ခုနှစ် တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

တောင်ကြီးမြို့တွင်ပြုလုပ်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ် (၂/၂၀၂၅) ကို ယနေ့မွန်းလွဲ (၂) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူလေးများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေ့စဥ်ဆောင်ရွက်ပေးခဲ့ပါသည်။

မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အမှတ် (၃) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မတ်လ(၁၇)ရက် ညနေ(၄)နာရီက ပြုလုပ်သည်။

ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျန်းမာရေးဌာနမှ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ ပြောင်းလဲကျင့်သုံးနိုင်ရေးခေါင်းစဉ်ဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီက ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်