မိုင်းရှူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လာရောက်အားပေး

မိုင်းရှူး မတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ် ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို လာ‌ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လာရောက်အားပေးခဲ့ကြသည်။

ထိုသို့ လာရောက်အားပေးရာတွင် အမှတ်(၁)လှူပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ခိုင်မြတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အားပေးစကားများ ပြောကြားခဲ့ကြသည်။

မိုင်းရှူးမြို့နယ် အ.ထ.က(မိုင်းရှူး)စာစစ်ဌာနတွင် စာရင်းရှိ ၅၉ ဦးရှိပြီး ၅၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ၅ ဦး ပျက်ကွက်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးဆိုင်ရာကိစ္စများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)