မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာနှင့် နားအော့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နားဖျိုင်းကျေးရွာအုပ်စု၊ နားဖျိုင်းကျေးရွာနှင့် နားအော့ကျေးရွာ၌ အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက် ၁၀ နာရီက နားဖျိုင်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။