မိုင်းရယ်မြို့နယ် နားဖျိုင်း‌ကျေးရွာနှင့် နားအော့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မိုင်းရယ် မေ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နားဖျိုင်းကျေးရွာအုပ်စု၊ နားဖျိုင်းကျေးရွာနှင့် နားအော့ကျေးရွာ၌ အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက် ၁၀ နာရီက နားဖျိုင်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ထုတ်ချေးပေးရာတွင် မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးအခက်အခဲများကို ဦးစားပေးနိုင်ရန် လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေအား ထုတ်ချေးခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် အသင်းသားများထံ ရန်ပုံငွေများ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ အဋ္ဌမအကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၁)ဦးကို ငွေကျပ် ၃၅၇ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၂)ဦးကို ငွေကျပ် ၂၀ သိန်း၊ စုစုပေါင်း အသင်းသား/သူ (၃၃)ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၇၇ သိန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)