နမ့်စန်(တ) မေ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နမ့်စန်ကျေးရွာအုပ်စု၊ အမှတ်(၁)ကျေးရွာရှိ ‘အောင်ချမ်းသာ’ စာကြည့်တိုက် ရှင်သန်ခိုင်မာရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ စာကြည့်တိုက်သို့ သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ စာကြည့်တိုက် ရေရှည်ရှင်သန် ခိုင်မာရေးကိစ္စရပ်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဌာနမှ ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နမ့်စန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအေး၊ အမှတ်(၁)ကျေးရွာ တာဝန်ခံနှင့် ရပ်မိရပ်ဖများက စာကြည့်တိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာစောင် အသစ်များ ဖြည့်တင်းရေး၊ ပရိဘောဂများ ဖြည့်ဆည်းရေး၊ ရန်ပုံငွေရှာဖွေရေးနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ‘အောင်ချမ်းသာ’ စာကြည့်တိုက်’ ရှင်သန်ခိုင်မာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိန်းသိမ်းကြီးကြပ်မှုကော်မတီနှင့် စာကြည့်တိုက်ကော်မတီကို အသစ်ပြန်လည် မွမ်းမံဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)