မိုင်းပျဉ်းမြို့၌ အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲ ဆောင်ရွက်

မိုင်းပျဉ်း မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲ နောက်ဆုံးနေ့ကို ယနေ့နံနက် ၉ နာရီကစတင်၍ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲကို အလယ်တန်းအဆင့်၊ G-6 အတန်းရှိ ဘာသာရပ်များအား သင်တန်းနည်းပြ(၆)ဦး၊ သင်တန်းသားဆရာ၊ ဆရာမ(၅၄)ဦးတို့ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် KG , G-1, G-2, G-3, G-4 အတန်းရှိ ဘာသာရပ်များအား  သင်တန်းနည်းပြ(၁၀)ဦးနှင့် သင်တန်းသား ဆရာ၊ ဆရာမ (၁၁၈)ဦး တို့ဖြင့်လည်းကောင်း ဆွေးနွေးပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲကို ၁၈-၅-၂၀၂၅ ရက်နေ့မှ ၂၀-၅-၂၀၂၅ ရက်နေ့အထိ  (၃)ရက်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နောက်ဆုံးနေ့အဖြစ်  ကျင်းပခဲ့ခြင်းဖြစ်ရာ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာအလယ်တန်းနှင့် မူလတန်း ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)