မိုင်းရယ် မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း/ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက သင်တန်းနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြာကြားခဲ့သည်။
အဆိုပါသင်တန်းကို အခြေခံပညာအလယ်တန်းအဆင့် သင်တန်းနည်းပြ (၆)ဦး၊ သင်တန်းသား/သူ ဆရာ/ဆရာမ (၅၈) ဦး၊ အခြေခံပညာမူလတန်းအဆင့် သင်တန်းနည်းပြ (၁၂)ဦး၊ သင်တန်းသား/သူ ဆရာ/မ စုစုပေါင်း (၁၈၈)ဦး တက်ရောက်ပြီး သင်တန်းကာလ ၃ ရက်ဖြင့် ဘာသာရပ် (၆)ခုကို ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)