ပင်လုံ မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က မေတ္တာအေးရိပ်ပရဟိတနာယကကျောင်းဆောင်တွင် လမ်းတံတားပြန်လည်မွမ်းမံဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အစိုးရအဖွဲ့ဝင်အရာရှိများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် အဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတနာရှင်အလှူရှင်များက နေရာယူကြပြီး မေတ္တာအေးရိပ်ပရဟိတနာယကဆရာတော်ကြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုရ လူမှုထူးချွန်ပထမဆင့် ဒေါက်တာဘဒ္ဒန္ဒပုညနန္ဒ အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယဆရာတော်ကြီးအား ဖူးမြော်ကန်တော့၍ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြသည်။
ထို့နောက် ဆရာတော်ကြီးထံမှ သြဝါဒခံယူ လမ်းတံတားဆောက်လုပ်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး “ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုကန်တော့၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)