မိုင်းဖြတ်မြို့နယ်၌ ​​ကျောင်းအပ်နှံ​ရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူ

မိုင်းဖြတ် မေ ၂၀ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အ​ခြေခံပညာ​ကျောင်းများကို မကြာမီ ပြန်လည်ဖွင့်လှစ်​သင်ကြားတော့မည်ဖြစ်ရာ ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ​ကျောင်းအပ်နှံ​ရေးလုပ်ငန်းများကို အများပြည်သူများ ကျယ်ပြန့်စွာသိရှိ​စေ​ရေးအတွက် ကျောင်းအပ်နှံ​ရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ​ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)​ကျောင်း​ရှေ့တွင် ဆိုက်ထူခဲ့​ကြောင်း သိရသည်။

ထိုသို့ စိုက်ထူးရာတွင် မြို့နယ်ပညာ​ရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာ​ရေးမှူးရုံးမှူး ဦးကြည်ထွန်း၊ အ.ထ.က(မိုင်းဖြတ်)မှ ​ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်နှင့် ဆရာ၊ ဆရာမများက စု​ပေါင်း၍ ကျောင်းအပ်နှံ​ရေးသီတင်းပတ်ဖြစ်သည့် ​ကျောင်း​နေအရွယ် က​လေးအားလုံး စဥ်ဆက်မပြတ် ပညာ​သင်ယူဖို့ ​ကျောင်းအပ်နှံကြပါစို့ ပိုစတာနှင့် ​ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ သိရှိလိုက်နာရမည့်အချက်များ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများသို့ ​မေတ္တာရပ်ခံချက်များ စသည့်​အချက်များပါဝင်သည့် ဆိုင်းဘုတ်ကို စု​ပေါင်းစိုက်ထူခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ​ကျောင်းအပ်နှံ​ရေး သီတင်းပတ်မှာ ၂၀၂၅ ခုနှစ်၊ ​မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်​နေ့အထိဖြစ်​ကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)