ကျေးသီးမြို့တွင် ဓာတ်မြေဩဇာ အရောင်းဆိုင်များ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျေးသီး မေ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာ အရောင်းဆိုင်များ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ၊ ရောင်းချခွင့် လိုင်စင် ရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ကျေးသီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဓာတ်မြေဩဇာ အရောင်းဆိုင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သုံးစွဲသူပြည်သူများအား သတ်မှတ်ချက်နှင့်အညီ အသုံးပြုနိုင်စေရန်၊ ချမှတ်ထားသော စည်းကမ်းချက်များအား အလေးထား လိုက်နာဆောင်ရွက်စေရန် အသိပညာပေး ပြောကြားခဲ့ပြီး လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းငင်း(ပြန်/ဆက်)