ကလောမြို့နယ်၌ မိုးစပါးနှင့်အခြားသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကလောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စုနှင့် ပင်လောင်းမြို့ကျေးရွာအုပ်စု ၆ အုပ်စုရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ် မိုးစပါးနှင့်အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။